Coinbase Account ဖောက်နည်း

Coinbase တွင် Bitcoin Wallet ပြုလုပ်နည်း

၁။ ဦးစွာ https://www.coinbase.com/ သို့ဝင်ရောက်ပြီး Sign Up အား နှိပ်ပါ။

 


၂။ Sign Up ပေါ်လာပါက  First Name, Last Name ထည့်ပါ။ အောက်အကွက်တွင် Gmail Address ထည့်၊ နောက်အကွက်တွင် နှစ်သက်ရာ Paword ထည့်၊ I agree to the User Aggrement and Privacy Policy တွင်အမှန်ခြစ်ထည့်ပြီး Create Account အားနှိပ်ပါ။


  ၃။ အောက်ပါအတိုင်း Verify Your Email  ပေါ်လာပါမည်။ 

၎။ မိမိ၏ Gmail Address အားဝင်ရောက်ပြီးအောက်ပါပုံအတိုင်း Verify My Email Addressအားနှိပ်ပြီး Verify  ပြုလုပ်ရပါမည်။ 

 ၅။ Verify My Email Address အားနှိပ်ပါက Verify ပြုလုပ်ပြီးဖြစ်သွားသလို မိမိ၏ Coinbase Wallet အကောင့်သို့အောက်ပါပုံအတိုင်းဝင်ရောက်သွားပါမယ်။ ပုံတွင် Balance ဆိုတာကတော့ Wallet ထဲတွင်မိမိပိုင်ဆိုင်ငွေပါ..  Buy/SellBitcoin ဆိုတာကတော့ ၀ယ်ရာင်းလုပ်လို့ရမဲ့ ဈေးကွက်ဖြစ် ပြီး မြန်မာနိုင်ငံကတော့ဝင်ရောက်အသုံးပြုနိုင်ဦးမှာမဟုတ်ပါဘူး။ Send/Request ကတော့ Bitcoin ကိုလွှဲပို့..လက်ခံလို့ရမယ့်နေရာပါ။

၆။ အရင်ဦးဆုံး ဘစ်ကွိုင်လက်ခံလို့ရမယ် WalletAddress ကိုရယူပြီးမှတ်သားထားဖို့လိုပါ မယ်။  အောက်ကပုံအတိုင်း Wallet Address ကိုနှိပ်ပါ။ ပေါ်လာတဲ့ Wallet Address ကိုကူးပြီး Text ဖိုင်နဲ့မှတ်သားထားလိုက်ပါ။ သူများကကိုယ့်ဆီကို ဘစ်ကွိုင်လွှဲမယ်ဆိုရင် အဲ့ဒီ Address အတိုင်း လွှဲပေးရပါမယ်။ အဲ့ဒီ Address ကိုကိုယ့်ဆီပို့ပေးမဲ့သူကိုပေးလိုက်ရုံဘဲ။

၇။ မိမိမှသူများကိုပို့မယ်ဆိုရင် Send/Request ကိုနှိပ်ပါ။ အောက်ပါပုံအတိုင်းပြုလုပ် သွားပါ။ ငွေလွှဲခြင်းပြီးပါပြီ။

Coinbase Wallet လုံခြုံမှုအတွက် အကောင့်အား ဖုန်းနံပါတ်ဖြင့်       2 Step ခံနည်း

၁။ Coinbase မှ Setting အားဝင်ရောက်ပြီး Security အားနှိပ်ပါ။ ပုံတွင်ပြထားပါသည်။


  ၂။ Security ထဲသို့ရောက်ရှိပါက Verify A Phone ကိုနှိပ်ပါ။ ပေါ်လာသည့်အကွက်တွင်ပုံပါအတိုင်း မိမိ၏ဖုန်းနံပါတ်အားဖြည့်ပါ(+959..........)။ ပြီးလျင် Next အားနှိပ်ပါ။

၃။ သင်၏ဖုန်းသို့ SMS ပို့ပေးပါလိမ့်မယ်။ SMS တွင်ပါသည့် ဂဏန်းအား ဖြည့်သွင်းပြီး Verify Phone Number အားနှိပ်ပါ.။ သင့်ရဲ့အကောင့်အား 2 Step Authencation ခံပြီးဖြစ်ပါပြီ။ သင့်အကောင့်အား Log In ၀င်တိုင်း သင့်ရဲ့ဖုန်းကို SMS ပို့ပေးမှာဖြစ်ပြီး အဲ့ဒီကုဒ်နဲ့ဘဲဝင်လို့ရမှာဖြစ်ပါတယ်။  (သတိ)သင်ကိုင်သည့်ဖုန်းပျောက်လို့မရပါ။ Sim Card အား WCDMA Mode ဖြင့်ထားမှသာ SMS ၀င်မှာပါ။

 

 

 

 

 

 

 

 

 

 

Share on Google Plus

About Pyae Phyo Aung

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment