Myanmar IP Address ဖြင့် PayPal fully Verified အကောင့်ပြုလုပ်နည်း

          Paypal ဆိုတာက Online ငွေပေးချေမှုစနစ်တခုပါ။ တကမ္ဘာလုံးကလက်ခံထားတဲ့ စနစ်ဖြစ်ပြီး Online Shopping၊ Online Job များမှငွေလက်ခံခြင်း စသောကိစ္စရပ်များကို လုပ်ဆောင်နိုင်တဲ့စနစ် ပဲဖြစ်ပါတယ်။ တခြားနိုင်ငံ တွေမှာအဆင်ပြေပြေအသုံးပြုနိုင်ပေမဲ့ စီးပွားရေးပိတ်စို့ခံထားရတဲ့နိုင်ငံ များအဖို့ကတော့ တရားဝင်အသုံးပြုနိုင်ခြင်း မရှိပါဘူး။ Paypalအကောင့်စပြီး register စလုပ် ကထဲက နိုင်ငံရွေးချယ်တဲ့အခါမှာ မြန်မာနိုင်ငံမပါပါဘူး။  အခြားနိုင်ငံ တခု ဖြည့်မယ်ဆိုပြန်ရင်လဲ
အမည်၊ ဖုန်းနံပတ်၊ နေရပ်လိပ်စာ တွေလိုလာပြန်ရော။ Fake Generator ကနေကိုယ် ထည့်မဲ့နိုင်ငံရဲ့ အမည်၊ ဖုန်းနံပတ်၊ နေရပ်လိပ်စာ နောက်ဆုံး Bank account or Master/Visa Card မှာရပ်သွား ရတယ်။ မြန်မာနိုင်ငံက Bank account orMaster/Visa Card တွေနဲ့မရပါဘူး။ အခု ကျွန်တော်ဖောက် ထားတဲ့နည်းလမ်းကိုမျှဝေလိုက်ပါတယ်။

Paypal အကောင့်ဖောက်ဖို့ဘာတွေလိုအပ်မလ?ဲ

၁။ Gmail အကောင့်လိုပါမယ်(Paypal ဖောက်ထား၊ပြီးသား မရပါ)။
၂။ Virtual Visa or Virtual Master Card လိုအပ်ပါမယ်။ (Paypal နှင့် Link မချိတ်ဖူးသော၊ Paypal တွင် တစ်ခါမှမသုံးဖူးသေးသော Card အသစ် ဖြစ်ရန် လိုအပ်ပါသည်။)
Paypal အကောင့်စဖောက်ပါမယ်
၁။ https://www.paypal.com/pl/signup/account ကိုသွားပါ။ ပိုလန်နိုင်ငံအနေနဲ့ အကောင့်ဖောက် မှာဖြစ်ပါတယ်။အနီရောင်ဝိုင်း ထားသည်အားနှိပ်ပါ။

၂။ အောက်ပါပုံတွင်ပြထားသည့်အတိုင်း Email Address , Password ဖြည့်ပြီး Continue အားနှိပ်ပါ။

၃။ အောက်ပါအဆင့်တွင် အချက်အလက်များဖြည့်သွင်းရပါမည်။ မဖြည့်ခင်အရင်ဆုံးအချက် အလက် စုဆောင်း ပါမည်။

၎။ အရင်ဆုံး အချက်အလက်စုဖို့ http://www.spokeo.com/Dunn+Rd+Poland+ME+addresses သို့ဝင်ရောက်ပါ။

၅။ အောက်ဖော်ပြပါ အနီဝိုင်းထားသည့်ထဲမှ ကြိုက်နှစ်သက်ရာ ၀င်ရောက်ပါ။

၆။ အောက်ပါပုံတွင် နှစ်သက်ရာယူလို့ရပါတယ်။ နမူနာအနေနဲ့ အနီဝိုင်းထားတာယူပါမယ်။ ဒါဆိုရင်အောက်ပါအချက်များရပါပြီ-

(က) Address- 13 Dunn Rd
( ခ) City- Polan
( ဂ) State- ME
(ဃ) Postal code- 04274
( င) Polan Phone- +48 224894XXX (+48 မှာ country code ဖြစ်ပြီး နောက်ဆုံး ၃ လုံးအား ကြိုက်နှစ်သက်ရာထည့်ပါ။ ကိုယ့်ဘာသာရှာချင်ရင် Google မှာရိုက်ရှာပါ။)


၇။ အောက်ပါအဆင့်တွင်ရရှိထားသော အချက်အလက်များဖြည့်ပါ။ အမည်တွင် မိမိ၏အမည်ရင်း သာသုံးပါ။ Postal codeအားဖြည့်ရတွင် 04274 အားထည့်လို့နီနေပါက ပုံတွင်ဖြည့်ထားတဲ့အတိုင်း သာဖြည့်လိုက်ပါ။ State/Province/Region တွင်လည်း အဆင်ပြေသလိုသာထည့်ပါ။

၈။ အောက်ပါအဆင့်သို့ရောက်လျှင်ဘာမှမထည့်ပါနှင့်။ ပိတ်လိုက်ပါ။

၉။ https://www.paypal.com/signin/?country.x=PL&locale.x=pl_PL အားဝင်ပါ။ ပြီလျှင် Confirm email address အားနှိပ်ပါ။

၁၀။ အောက်ပါအတိုင်း Send email အားနှိပ်ပါ။

၁၁။ မိမိရဲ့ gmail ကိုသွားကြည့်ပါ။ paypal မှ Activate လုပ်ဖို့ mail ၀င်နေပါလိမ့်မယ်။ ပုံပါအတိုင်း Click to activate your account အားနှိပ်ပါ။

၁၂။ အောက်ပါပုံအတိုင်း Gmail နှင့် Password ၀င်ပြီး Confirm my email address အားနှိပ်ပါ။

၁၃။ အောက်ပါပုံအတိုင်း email နဲ့ Verify လုပ်တာ 50% ထိပြီးပါပြီ။ နောက်ဆုံးအဆင့်က Card နဲ့ Link ချိတ်ရပါမယ်။ Link a card အားနှိပ်ပါ။

၁၄။ အောက်ပါပုံအတိုင်း မိမိရဲ့ Card No, Expire Date, CVV အားဖြည့်ပါ။ Save အားနှိပ်ပါ။ မိမိ Card ထဲမှ ၂ ဒေါ်လာခန့်ဖြတ်တောက်သွားပါမယ်။ ကဒ်ထဲမှာ ၃ ဒေါ်လာခန့်ရှိရန်လိုပါသည်။

၁၅။ ၁ ရက် ကျော်လောက်ကြာပါမယ်။ အတိအကျမရှိပါ။ မိမိကဒ်လုပ်ထားတဲ့ဆိုဒ်မှာ Visa Card Statement အနေနဲ့ paypalမှပိုက်ဆံဖြတ်တောက်သွားတာ ပြထားပါတယ်။ ပြီးရင် PP-XXXX code ဂဏန် ၄ လုံးနဲ့ Card statement ကိုပို့ပေးပါမယ်။ အဲ့ဂဏန်ကို Link a card မှာသွားထည့် Verify လုပ်ပါ။ ပြီးစီးမှု 75% ထိပြီးသွားပါပြီ။ ကျန်တဲ့ 25% က Use the app ဆိုတာနဲ့ Verify လုပ်ခိုင်းတာပါ။ Phone မှာ Paypal Application ထည့်သုံးခိုင်းတာပါ။ Phone ကို Location service ကိုဖွင့်ခိုင်းပါတယ်။ မဖွင့်ပါနဲ့။ မဖွင့်ဘဲနဲ့သုံးပါ။ ကျွန်တော့် Paypal ကတော့အဲ့ဒီလိုသုံးရင်းနဲ့ 100% ပြည့်သွားပါတယ်။
တကယ်ကတော့ 75% မှာတင် Verified Paypal ဖြစ်နေပါပြီ။ Verify ဖြစ်မဖြစ်စစ်လို့ရတဲ့ ဆိုဒ်မှာ စစ်ပြီးပါပြီ။ Account Limit လဲ Card Link လုပ်ပြီးကထဲက ပွင့်သွားပါပြီ။ အရင်က Card ကို Link ချိတ်ပြီးတာနဲ့ 100% Verify ဖြစ်ပါတယ်။

( အဆုံးထိပြချင်ပေမဲ့ ကဒ်ထဲပိုက်ဆံမရှိလို့ နောက်ဆုံးအပိုင်းကို စာနဲ့ဘဲရှင်းလိုက်ပါတယ်။)

ဒါကအပေါ်မှပြောသွားတဲ့အတိုင်းလုပ်ထားတာပါ။ Virtual Visa Card လုပ်နည်းကို နောက် အရင် ပို့စ်မှာရှင်းပြထားပါတယ်။ Virtual Visa Card ကိုမိမိစိတ်ကြိုက် ဆိုဒ်မှာဝင်ပြီး စိတ်ကြိုက်ပိုက်ဆံ ထုတ်သွင်းနိုင်ပါတယ်။


Written by Pyae Phyo Aung


Share on Google Plus

About Pyae Phyo Aung

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

4 comments:

  1. ကတ် ထည့်ပါဆိုတာက
    LTE ကနေ လုပ်ထားတဲ့ Virtual Card ကိုပြောတာလား

    ReplyDelete
  2. Paypal Account ထဲကပိုက်ဆံကိုကော မိမိ Bank Account ထဲကိုဘယ်လိုပြန်လွဲနိုင်လဲဗျ/

    ReplyDelete
  3. virtual visa card မဟုတ်ဘဲ kbz visa card တို့ ATM card တို့ သုံးလို့ရလား

    ReplyDelete