Bitcoin ဆိုတာ Virtual Currency တစ်မျိုးဘဲဖြစ်ပါတယ်။ ထိတွေ့ကိုင်တွယ်လို့မရနိုင်ပါဘူး... Payment Processor တွေအများကြီးရှိတဲ့အထဲမှာမှ အင်တာနက်ပေါ်မှာအသုံးပြုပြီး ဈေးရောင်း၊ ဈေးဝယ်/ ငွေလွှဲပို့နိုင်တဲ့ Payment Processor တခုဘဲဖြစ်ပါတယ်။ Payment Processor ဆိုတာငွေပေးချေမှုစနစ်ကိုဆိုလိုတာပါ။ ဘစ်ကွိုင်ကို Satoshi Nakamoto ဆိုသူက ၂၀၀၈ ခုနှစ်မှာစတင်တည်ထွင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ Open Source Software အဖြစ်စတင်အသုံးပြုခဲ့ပါတယ်။ Open Source ဆိုတာက Bitcoin ကို တစ်ဦးတစ်ယောက် ကမှထိန်းချုပ်ထားတာမဟုတ်ပါဘူး။
Payment Processor(ငွေပေးချေမှုစနစ်) တခုဖြစ်တဲ့ Paypal ရင်စီးပွားရေးပိတ်ဆို့ခံထားရတဲ့နိုင်ငံတွေကို အသုံးပြုခွင့်ပေးမထားပါဘူး။ Account ဖောက်ရင် Verify ဖြစ်ဖို့အတွက်ကို Master/Visa Card or Bank တခုခုနဲ့ချိတ်ဆက်ခိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံအဖို့အသုံးပြုခွင့်တရားဝင်မရရှိလို့ နည်းလမ်းပေါင်းစုံနဲ့ အကောင့်ဖွင့်သုံးနေကျတဲ့သူတွေရှိပေမဲ့ မသင်္ကာလို့ Security Check စစ်ရင် အကောင့် Limit ဖြစ်မှာပါ။ ပြန်ရဖို့မသေချာသလောက်ပါဘဲ။ ဒါ့အပြင် Paypal အသုံးပြုလို့ရှိရင် ငွေလွှဲပို့ခတွေက အရမ်းကိုဈေးကြီးပါတယ်။ Bitcoin မှာတော့ ငွေလွှဲပို့ခတွေက အရမ်းဈေးသက်သာပါတယ်။ Bitcoin ကိုမည်သည့်နိုင်ငံကမဆို လွတ်လပ်စွာဝယ်ယူအသုံးပြုလို့ရတဲ့အတွက် မြန်မာနိုင်ငံအတွက် ၀မ်းသာစရာ ဘဲပေါ့။
Bitcoin ဆိုတဲ့ Currency(ငွေကြေး) ကို Bitcoin အသုံးပြုသူအချင်းချင်းလွတ်လပ်စွာပေးပို့နိုင်သလို အခြားငွေကြေးတွေဖြစ်တဲ့ ဒေါ်လာ၊ ယူရိုအစရှိတဲ့ နိုင်ငံ့ ကိုယ်စားပြုငွေကြေးတွေနဲ့လဲ လဲလှယ်နိုင်ပါတယ်...

Bitcoin ရဲ့ယူနစ်ကိုတော့ BTC အဖြစ်သတ်မှတ်ပြီးတော့ ဒသမကိန်း ၈ လုံးအထိရှိပါတယ်။ ဥပမာ... 0.00000001 BTC ဆိုပြီးသုံးပါတယ်။ BTC ရဲ့အသေးငယ်ဆုံးပမာဏ ကိုတည်ထွင်ခဲ့တဲ့ပညာရှင် Satoshi Nakamoto ကိုအစွဲပြုပြီး Satoshi လိုခေါ်ပါတယ်။ 0.00000001 BTC ဆိုရင် 1 Satoshi လို့လဲခေါ်ပါတယ်။ 1 BTC ကိုလက်ရှိပေါက်ဈေး ဒေါ်လာ ၃၉၀ ပတ်ဝန်းကျင်ပေါက်ပြီး တရက်နဲ့တရက်လဲ ဈေးနှုန်းတွေက ငြိမ်မနေပါဘူး။ အဲ့ဒါကြောင့် တချို့ကလဲ ဈေးကျချိန်ဝယ်ပြီး ဈေးတက်ချိန်မှာ ပြန်လည်ရောင်းပြီးအကျိုး အမြတ် ရှာနိုင်ပါတယ်။
Bitcoin ဆိုတာတော့ဟုတ်ပါပြီ။ ဘယ်လိုငွေလွှဲပို့၊ လက်ခံမှာလဲ? Bitcoin ကိုမြန်မာနိုင်ငံမှာ အလွယ်တကူ ၀ယ်ယူလို့ရပါတယ်။ ဒါပေမဲ့ Bitcoin Wallet တခုတော့လိုပါမယ်။ Gmail အကောင့်တခုရှိရုံနဲ့ အလွယ်တူအကောင့်ဖောက်လို့ရပါတယ်။ Bitcoin Wallet ဆိုတာက မိမိရဲ့ကိုယ်ပိုင်ပိုက်ဆံအိတ်ဘဲဆိုပါတော့။ Wallet ကနေပြီး Online Shoping ၀ယ်လို့ရသလို အခြား Bitcoin လက်ခံတဲ့ Website တွေမှာလဲ သုံးစွဲလို့ရပါတယ်။ Bitcoin Wallet ဖောက်နည်းနဲ့ သုံးစွဲနည်းကို နောက်ပို့စ်တွေမှာဖော်ပြသွားပေးပါ့မယ်။

0 comments:
Post a Comment